"ကိုယ်ချစ်သောသူက ကိုယ့်ကို ပိုပြီး ချစ်လာစေဖို့"




ချစ်ခင်မေတ္တာမျှကြတဲ့ လူ ၂ ဦးကြားမှာ
တစ်ခါတစ်ရံအေးစက်တဲ့ ဆက်ဆံရေး
တွေနဲ့သွေးမနွေးတော့ဘူးဆိုတာ
မျိုးတွေ ရှိနေတတ်ကြမှာပါပဲ ။ အဲဒီလို
အခြေအနေ မျိုးတွေ အထိတွေ့ကြုံမ
လာကြစေဖို့ မရိုးနိုင်တဲ့ စကားလေးတွေ၊
ဟန်ဆောင်မှုမပါတဲ့ ကိုယ်ဟန်အမူအရာကလေးတွေနဲ့ ချစ်သူ ၂ ဦးကြားက
အချစ်စိတ်ကို နွေးထွေးတက်ကြွလာစေနိုင်တယ် ဆိုတာအကြံပေးချင်လို့ပါ။






လက်တွေ့ဘ၀ထဲက နည်းလမ်းကလေးတွေ ဖြစ်ပြီး သင်နဲ့ သင့်လက်တွဲဖော်တို့ကြားက အချစ်တွေသွေးနွေးလာစေဖို့ အသုံးဝင်နိုင်စရာတွေလည်း ဖြစ်ပါလိမ့်မယ် ။


၁။ "မင်းကိုချစ်တယ်" ဆိုတဲ့ စကားလေးပါ ။ ရှက်နေဖို့ မလိုပါဘူး ။တကယ်ရင်မှာရှိနေတာပဲ။ နေ့စဉ် ၁ ကြိမ်လောက်တော့ ကိုယ့်ချစ်သူကို ပြောလိုက်ပါ။ဒီစကားလေးကို ကြားရတဲ့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာင်္းလေးပဲဖြစ်ဖြစ် ကိုယ့်အပေါ် ယုံကြည်စိတ်ချမှုပိုတိုးလာပါတယ် ။ ဒါ့အပြင် ကိုယ့်အပေါ် တုံ့ပြန်ချစ်စိတ်တွေလည်း သူ့ဆီမှာ နိုးကြားလာပြီး အချစ်တွေ နုပျိုရှင်သန်နေ ပါလိမ့်မယ် ။



၂။ ကိုယ့်လက်တွဲဖော်ကို သူ မမျှော်လင့်လဲ ရုတ်တရက် ပွေ့ဖက်လိုက်တာ၊ ကြင်နာမှုအပြည့်နဲ့
အနမ်းပွင့်ခြွေလိုက်တာ၊ ဒါမှမဟုတ် ကလိထိုးစနောက်လိုက်တာမျိုးဟာ သူ့ကို ရုပ်ပိုင်းဆိုင်ရာ
လန်းဆန်းအားတက်မှုကိုဖြစ်စေပါတယ် ။ အရေးကြီးတဲ့ အပြုအမူ ၃ ခုလို့ ဆိုချင် ပါတယ် ။



၃။ ဓါတ်ပုံဟောင်းလေးတွေကို ၂ ယောက်အတူ ပြန်ကြည့်ရင်း တစ်ချိန်က သတိရစရာလေးတွေ၊
ချစ်ပုံရိပ်တွေကို စမြုံ့ပြန်ကြတာဟာလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ် ။


၎။ ချစ်သူရဲ့ မွေးနေ့နဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို မမေ့စေနဲ့ ။ ဒီထက်အရေးကြီးတာ ဘာမှမရှိလို့သာအပြီးတိုင် မှတ်ထားကြစို့ ။


၅။ ပြုံးပြပါ ။ ဘာအကြောင်းမှမရှိလည်း ပြုံးပါ ။ တစ်ဦးနဲ့တစ်ဦး ပြုံးပြီးကြည့်ပါ ။


၆။ သင့်ချစ်သူကို သင် ဘာကြောင့်ချစ်တယ်ဆိုတာ ပြောပြဖို့လည်း မမေ့ပါနဲ့။ ရိုးသားလို့၊ဥာဏ်ထက်လို့၊
စိတ်ကူးသစ်တွေရှိလို့ သဘောကျမိတာ ဆိုတာမျိုး ပြောပြထားခြင်းဟာ သူ့စိတ်ဓါတ်နဲ့ သူ့အားမာန်ကို
အကောင်းဆုံးပြုစုပျိုးထောင် ပေးခြင်းပင် ဖြစ်ပါတယ် ။


၇။ သင့်ချစ်သူပြောချင်တဲ့ စကားလေးတွေကို နားထောင်ပေးပါ ။ကိုယ်နဲ့တိုက်ရိုက် မသက်ဆိုင်ရင်တောင်သူ့ရင်ထင်မှာ တင်းကျပ်လို့ ဖွင့်တာကို ဂရုတစိုက်နားထောင်ပေးတာဟာ သူ့ကို သိပ်ကြင်နာရာ ရောက်ပါတယ်။
ကိုယ့်အကြိုက်နဲ့ ထပ်တူကျကျ မကျကျ အတူတူမျှဝေပေးတယ်ဆိုတာ ချစ်သူတွေကြားက အရေးပါတဲ့လုပ်ရပ်တွေ ဖြစ်ပါတယ် ။



၈။ လက်ကို မြဲမြဲဆုပ်ကိုင်ပေးပါ ။ သိပ်ရိုးစင်းတဲ့ အပြုအမူပဲလို့ထင်စရာရှိပေမဲ့ ကြင်နာသူကို သိပ်အားရှိသွားစေတဲ့ အားပေးမှုဆိုတာ အသေအချာပါ။ လက်ချင်းမြဲမြဲဆုပ်တာ တကယ့်အားဆေးပါ ။