ဆရာကြီး ပီမိုးနင်း၏ စကားများ...။


ဆရာကြီးပီမိုးနင်းရဲ့စကားတွေက ဘယ်လောက်တောင် အကျိုးကျေးဇူးများစေတယ်ဆိုတာနဲ့ သူငယ်ချင်းတို့ ဗဟုသုတရစေဖို့ အတွက်နဲ့ ဖော်ပြလိုက်ပါတယ်...။


အချစ်ရေး
(
၁) ယခုကာလ လင်နှင့်မယား အကွဲမြန်ကြခြင်းသည် အချစ်ချင်း မတူကြသောကြောင့်ပင်ဖြစ်၏။
အကြောင်းမူကား မိန်းမကလည်း နည်းနည်းချစ်၏ ယောက်ျားကလည်း နည်းနည်းချစ်၏။
(
၂) အဖိုးတန်သော မယားကို အ၀တ်ကြောင့်မရပေ၊ အသုံးအစားကြီးကာ ပလွှားသော မယားကိုသာ အ၀တ်နှင့် မြူ ရပေမည်။
(
၃) အချစ်ဆိုသည်မှာ ချစ်ခိုက်သာလျှင်ချစ်၏ မုန်းလျှင်ပစ်၏ တကယ်ရှိသောအရာမဟုတ် ခေတåမျှ ကောင်းကင်၌ ပေါ်သောတိမ်ရုပ်နှင့်တူ၏/
(
၎) အချစ်ကြောင့် သောကမီးတောက်ခြင်းသည် အပို ရူးမိုက်ခြင်း ဖြစ်လေသည်။
(
၅) အမြဲတုံးလျက်မသွေးဘဲထက်သောဓါးသည် လင်ကိုနိုင်သော မိန်းမ၏လျှာဖြစ်လေသည်။
(
၆) မိန်းမပီသသော မိန်းကလေးသည် အ၀တ်၌လည်းကောင်း အပြောအဆို၌လည်းကောင်း အကြံအစည်၌လည်းကောင်း ပလွှားဝင့်ဝါခြင်း မရှိအပ်ပေ။
(
၇) ယောက်ျားတစ်ယောက် ချွဲချွဲပစ်ပစ် ပြောသည့်အခါ ယုံလွယ်ကြသည်မှာ မိမိတို့ကိုယ်ကို အထင်ကြီးကြခြင်း ကြောင့်ဖြစ်လေသည်။
(
၈) မိန်းမတို့၏ အဖိုးတန်ခြင်းသည် အကျင့်ကောင်းခြင်း စိတ်ကောင်းခြင်း၌သာ တည်သည်။
(
၉) မိန်းမများ၌ အကြီးဆုံးသောရန်သူသည် ယုံတတ်သောစိတ်ဖြစ်သည်။
(
၁၀) အချစ်သည် ဆိတ်ကွယ်ရာ၌ ကိလေသာဘက်ကို သာလွန်နီးကပ်တတ်လေသည်။
(
၁၁) ချစ်သာချစ်စေ မနစ်စေနှင့်။