လောင်စာဆီနှင့် ရေကို မော်တော်ယာဉ်များ၌ ပူးတွဲမောင်းနှင်ခြင်းဖြင့်
ဆီစားနှုန်းနှင့်
လေထုညစ်ညမ်းမှုများစွာသက်သာစေသည့်နည်းပညာကို မြန်မာနိုင်ငံ၌တီထွင်နိုင်ခဲ့ပြီဖြစ်
သလို ရေတစ်မျိုးတည်းဖြင့် တစ်လုံးထိုးအင်ဂျင်များကို မောင်းနှင်၍ရသည့်နည်းပညာကို
လည်းဇွန်လ၀န်းကျင်၌တီထွင်မှုပြီးမြောက်မည်ဟုခန့်မှန်းထားကြောင်းသိရသည်။ လောင်
စာဆီနှင့် ရေပူးတွဲမောင်းနှင်ခြင်းမှာရေမော်လီကျူးထဲတွင်ပါဝင်သောအောက်ဆီဂျင်အက်
တမ်နှင့် ဟိုက်ဒရိုဂျင်အက်တမ်အား HHO ဂက်စ်အဖြစ် လျှပ်စစ်ဓာတ် ဖြိုခွဲနည်းစဉ်သုံး၍
ရေမှ ဓာတ်ခွဲထုတ်ယူခြင်းဖြစ်ပြီး ၄င်း ရေဓာတ်ငွေ့(Water Gas)ကို bubbler
ကြားခံကာ
မော်တော်ယာဉ်၏ သန့်ရှင်းစနစ် (Air Cleaner)ထဲသို့ ထည့်သွင်း၍ အင်ဂျင် အတွင်း၌
လောင်စာဆီနှင့်အတူ လောင်ကျွမ်းစေခြင်းဖြစ်သည်။ ရေဓာတ်ငွေ့ဖြင့် ပူးတွဲမောင်းနှင်ရန်
ဒီဇယ်နှင့် ဓာတ်ဆီအင်ဂျင်များကို လုံးဝပြုပြင်စရာမလိုကြောင်း၊ စမ်းသပ်ချက်များအရ အ
ဝေးပြေးလမ်းများ၌ လောင်စာဆီစားနှုန်း ၇၂ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်းအဆိုပါ
နည်းပညာကို တီထွင်သူ အင်ဂျင်နီယာ ဦးကျော်ကျော်က ပြောသည်။ ထို့ပြင်အင်ဂျင်စွမ်း
အင် နှစ်ဆမှ
သုံးဆအထိတိုးမြင့်လာခြင်း၊ဟိုက်ဒရိုကာဗွန်ခေါ်ကာဗွန်ချိုးများအားလောင်
ကျွမ်းသွားသောကြောင့် အင်ဂျင်အတွင်းပိုင်း သန့်ရှင်းစင်ကြယ်လာသဖြင့် အင်ဂျင်သက်
တမ်း ပိုမိုကြာရှည်လာခြင်းနှင့် ဘေးထွက်ပစ္စည်းမှာ ရေခိုးရေငွေ့သာ
ထွက်ရှိခြင်းစသည့်
အကျိုး ကျေးဇူးများလည်း ရရှိမည်ဟု သိရသည်။ ယခု နည်းပညာသည် အမေရိကား၌
၁၉၈၁ခုနှစ်ကတည်းက ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး ၂၀၀၅ခုနှစ်နောက်ပိုင်းမှသာ ကျယ်ပြန့်စွာ
အသုံးပြုကြခြင်းဖြစ်သည်။ အာရှနိုင်ငံများထဲမှ မလေးရှားနှင့် ထိုင်းတွင်လည်းသုံးနေကြ
ပြီဟု သိရသည်။ ၄င်းနည်းပညာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ တည်ထွင်မှုမှာ နိုင်ငံခြား
ထုတ် ပစ္စည်းများကို တစ်စစီဖြုတ်တပ်အတုယူ၍ပုံစံတူတီထွင်ခြင်းမဟုတ်ကြောင်းယင်း
သို့ ပြုလုပ်ပါကလည်း မတူညီသော ကား အမျိုးအစားများနှင့် မတူညီသော ရာသီဥတု
ကြောင့် အောင်မြင်မည်မဟုတ်ကြောင်း၊ ယခုထုတ်လုပ်မှုမှာ သီအိုရီပိုင်းကိုသာလေ့လာ
မှုပြုပြီး မိမိ၏ ကိုယ်ပိုင်ဒီဇိုင်းဖြင့် မိမိတို့နိုင်ငံအခြေအနေနှင့် လိုက်လျော
ညီထွေအောင်
တီထွင်ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်း နည်းပညာအတွက် တပ်ဆင်ရမည့်
အဓိကပစ္စည်းများမှာ PWM Water Gas Vontroller, Cell ထုတ်ပေးမည့် Dry Cell၊ ရေ
ဘူး၊ ရေကို သန့်စင်ပေးခြင်းစနစ်၊ ပန့်နှင့် အပူတိုင်းကိရိယာတို့ဖြစ်ပြီး စုစုပေါင်း
ကုန်ကျ
စရိတ်မှာ ကားအကြီးအသေးအလိုက် ကျပ် ၁၀ သိန်းဝန်းကျင်ရှိသည်ဟုဆိုသည်။ ၄င်း
နည်းပညာကို တန် ၃၀အောက် ကားများတွင် စိတ်ချစွာ အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း
မည်သည့်နည်းပညာမဆို ဆီလိုအပေါက်ရှာတတ်သော မဆိုသလောက်အားနည်းချက်
များ ရှိနိုင်သောကြောင့် ပိုမိုစိတ်ချရသော အဆင့်သို့ ရောက်အောင် ဆက်လက် စောင့်
ကြည့်စမ်းသပ်နေသေးကြောင်း၊ စီးပွားရေးအရ အမြတ်အစွန်း ရရန်ရည်ရွယ်၍ သုတေ
သနပြုခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံသားအင်ဂျင်နီယာများ၏ ဂုဏ်ကိုလိုချင်၍ သုတေသ
နပြုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထုတ်လုပ်ပြီးသားပစ္စည်း ၁၀၀ ကျော်ရှိနေပြီဖြစ်သော်
လည်း အော်ဒါမှာခြင်းကိုသာ တစ်နှစ်အာမခံဖြင့် လက်ခံမည်ဟု စဉ်းစားထားကြောင်း၊
၎င်း နည်းပညာကို မော်တော်ယာဉ် သာမက မီးစက်များ၌ပင် ထည့်သွင်း အသုံးပြုနိုင်
ကြောင်း ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်
ဖော်ပြထားပါသည်။